• (+95)18610721, (+95)9895070061~5

YOLO

Kalaw-Heho-Inle Trip (3N4D)

feature-img

Tour Package Duration

3N4D

Tour Package Price

150,000 MMK

Tour Operator

Tango Travel & Tours

Day (1) Dec 22, 2018 ရန်ကုန် ~ ဟဲဟိုး ~ ကလော (-/-/-)

                                                                   

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airlines မနက်ခင်း Flight ဖြင့် ဟဲဟိုးမြို့သို့ ပျံသန်း ရောက်ရှိပါမည်။ ဟဲဟိုးလေဆိပ်သို့ရောက်ရှိလျှင် အသင့်စီစဉ်ထားသော ကားမှ လာရောက်စောင့်ကြိုပြီး နေ့လည်စာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကလောမြို့ ကလောမြို့သို့ သွားရောက်ကာ ကလောမြို့နှင့် အနီးတ၀ိုက်ရှိ စိတ်ဝင်စားစရာနေရာများ ဖြစ်သည့် ကလောဘူတာ၊ ရိုမန်ကက်သလစ် ဘုရားကျောင်း၊ ကလောနှီးဘုရား၊ ရွှေဥမင်လှိုဏ်ဂူ၊ နာရီစင်တို့ကို လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ ထို့နောက် စားသောက်ဆိုင် သို့မဟုတ် ဟိုတယ်တွင် ညစာသုံးဆောင်နိုင်ပါမည်။ ကလောမြို့ရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။

 

Day (2) Dec 23, 2018 ဟဲဟိုး ~ အင်းခေါင်း ~ ညောင်ရွှေ (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟဲဟိုးမြို့ရှိ အင်းခေါင်း နတ်ရေကန် ရေထွက်နှင့် ဘ၀သံသရာ တံတားတို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညောင်ရွှေမြို့သို့ ခရီးဆက်ကာ ညောင်ရွှေမြို့ရှိ လယ်တောအိမ်တွင် နေ့လည်စာသုံးဆောင်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မြင်းစီးကွင်း၊ The Little Tree House၊ Red Mountain ၀ိုင်ခြံ စသည်နေရာများကို လည်ပတ်ရပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ Check in ၀င်ရောက်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

 

Day (3) Dec 24, 2018 အင်းလေး (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ညောင်ရွှေမြို့ဆိပ်ကမ်းမှတဆင့် စက်လှေများစီးကာ အင်းလေးကန် အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားကို ဖူးမျှော်ပါမည်။ ထို့နောက် အင်းလေးကန်အတွင်းရှိ ရေပေါ်စားသောက်ဆိုင်တွင် သုံးဆောင်နိုင်ပါမည်။ ထို့နောက် ကြောင်ခုန်ကျောင်း၊ ပဒေါင်ရိုးရာ နေအိမ်၊ ငွေထည်ပစ္စည်းလုပ်ငန်း၊ အင်းလေးရိုးရာအထည်ဆိုင်၊ မိုင်းသောက်တံတား စသည်တို့ကို သွားရောက်လေ့လာ လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လာကာ တစ်ညတာအိပ်စက်အနားယူပါမည်။

 

Day (4) Dec 25, 2018 ဟဲဟိုး - ရန်ကုန် (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မနက်(8)နာရီခန့်တွင် ဟိုတယ်မှ Check out ထွက်ပြီး ပင်းတယမြို့သို့ ခရီးဆက်ပါမည်။ ပင်းတယမြို့ရှိ ရွှေဥမင်လှိုဏ်ဂူ၊ ပုန်းတလုပ်ကန်နှင့် ညောင်ပင်တန်းတို့ကို သွားရောက်လည်ပတ်ပြီး ဒေသစားသောက်ဆိုင်သို့ သွားရောက်ကာ နေ့လည်စာသုံးဆောင်နိုင်ပါမည်။ ထို့နောက် ရန်ကုန် အပြန်ခရီးအတွက် ဟဲဟိုးလေဆိပ်သို့ သွားရောက်ပါမည်။ ဟဲဟိုးလေဆိပ်မှ Myanmar National Airlines ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။

 

Service Included                                 

@ Round Trip Air Ticket

@ Hotel Room for 3 nights                                             

@ Sightseeing Car with Friendly Driver                           

@ Boat Trip in Inle Lake                                                

@ Meals Mentioned in the itinerary (B/L/D)

 

Service Excluded

@ Personal Expenses

@ Minibar Usage

@ Tips Money

@ Charges for visiting places not mentioned